ရေကြည်၊ နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် စက်ဒေါင့်ကြီး တစ်စောင်းရိုး အဝေးပြေးကားလမ်းမ ဝါးရုံလာကျေးရွာအုပ်စု သစ်ပုတ်ကျေးရွာ မိုင်တိုင်အမှတ် ၁/၁ တည့်တည့်တွင် ယမန်နေ့ည ၁၀ နာရီအချိန်က ဆိုင်ကယ်နှစ်စီး မျက်နှာခြင်းဆိုင်တိုက်မိပြီး ဒဏ်ရာများရရှိကာ ရေကြည်ဆေးရုံတွင် ဆေးကုသခံယူနေရကြောင်း သစ်ပုတ်ကျေးရွာနေသူ ဒေသခံတစ်ဦးကMLN(tv) သတင်းဌာနကိုပြောသည်
ဆိုင်ကယ်တိုက်သံကြီးက အကျယ်ကြီးဘဲ ဟုန်းဆိုပြီးမြည်သံကြားတယ် သေပါပြီငါတော့ဘဝပြက်ပါပြီ အသံကြားလိုသွားကြည့်တော့ ဆိုင်ကယ်နှစ်စီး မျက်နှာခြင်းဆိုင်တိုက်တာ မျက်နှာမှာသွေးတွေကတအားကြနေတယ် အားယားမှောက်လျှက်နဲ့ ပါးစပ်ကအပေါ်အရည်ခွံလံပြီးကွဲသွားတာတွေ့ရကြောင်း၎င်းကဆိုသည်
ယာဉ်တိုက်မှုဖြစ်တဲ့သူတွေက ရေကြည်မြို့နယ်ကပါ ဝက်ရုပ်ကျေးရွာအုပ်စု ကညင်ငူကျေးရွာနှင့်ကွင်းသုံးဆင့်ကျေးရွာအုပ်စု တောင်ယာကြီးကျေးရွာနေသူတွေဖြစ်ကြကာ ဆိုင်ကယ်တစ်ဖက်ကစီလာသူနှစ်ဦးက ငါးကျင်စက်ထိုးကပြန် တစ်ဖက်ဆိုင်ကယ်က ကွင်းသုံးဆင့်ကျေးရွာအုပ်စုမှသာပေါင်းမြိုနယ် ရုံးပင်ကျေးရွာအုပ်စုတွင် အိမ်ထောင်ကျသူဖြစ်ပြီးရွာကိုအပြန် ဝါးရုံလာကျေးရွာအုပ်စုမှာ ဆိုင်ကယ်တိုက်မိကြတာဖြစ်တယ် ဝက်ရုပ်ကျေးရွာအုပ်စုနေ ချစ်ဆန်း(ဘ)ဦးသန်းဦး ကတော့ ပါစပ်ထဲမှသွားများ လေးချောင်းငါးချောင်းခန့်ကျိုးတယ် နှာခေါင်းပွန်းရှဒဏ်ရာ မျက်လုံးဖူးရောင်ဒဏ်ရာတွေရရှိထားကြောင်းနှင့်ကွင်းသုံးဆင့်ကျေးရွာအုပ်စု တောင်ယာကြီးကျေးရွာနေသူတို့မှာလည်း အသီးသီးဒဏ်ရာတွေရရှိထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမူးများဖြစ်ကြသည့် ဦးမြင့်ဦး နှင့်ဦးအေးထွန်းတိုကပြောပြသည်။
၎င်းဝါးရုံလာကျေးရွာအုပ်စုရှိ အဝေးပြေး ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုများ မကြာမကြာဖြစ်ပွားလျှက်ရှိပြီ ယာဉ်တိုက်မှုဖြစ်ပွားနေရာသို့ တာဝန်ရှိ ရဲတပ်ဖွဲများလာရောက် စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment