Pages

Pages

ရွှေပြည်သာမြို့နယ်၌ အသက်၅၅နှစ်နှင့်အထက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ဆက်လက်ထိုးနှံပေး



ရွှေပြည်သာ၊ နိုဝင်ဘာ   ၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန်နှင့် လျော့ကျစေရန် ရည်ရွယ်၍ ရပ်ကွက်များရှိ သက်ဆိုင်ရာ စုရပ်နေရာများတွင်   ယနေ့နံနက် ၉ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  (ဒုတိယ)အကြိမ် ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာကွယ် ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် စုရပ်နေရာဖြစ်သော  မိဘဂုဏ်ရည် ကျောင်းတိုက်တွင် အမှတ်(၁၄)၊(၁၅) ရပ်ကွက်မှ ပြည်သူ(၄၄၅)ဦး၊ အမှတ်(၂၁) ရပ်ကွက်တွင် (၂၃၅)ဦး၊ အမှတ်(၁၇)ရပ်ကွက်ရှိ စုစံဘုန်းကြီး ကျောင်းတွင်  (၃၃၅)ဦး၊ ပြည်သူ့ဆေးရုံတွင်  မှီခို၊ နာတာရှည်၊ အခြားဝင်ငွေရ၊ နိုင်ငံ့ဝန်ထမ်း၊ ပုဂ္ဂလိကကျန်းမာရေး၊ ယာဉ်မောင်း စသည့် (၈၅)ဦးနှင့် သံဃာတော်(၁)ပါးတို့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာ နေရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များက ဆေးထိုးလာသူများအား ဝိုင်းဝန်းကူညီ  ဆောင်ရွက်ပေးခဲ့ကြောင်း သိရရှိသည်။

သတင်း - အေးမိုး (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment