Pages

Pages

ကျောက်တံခါးမြို့နယ်တွင် အသက်(၁)နှစ် ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ် ဆေးတိုက်ခြင်းများဆောင်ရွက်



ကျောက်တံခါး၊ နိုဝင်ဘာ   ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသက်(၁) နှစ် ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား လစဉ်ပုံမှန် ကာကွယ် ဆေးတိုက် ခြင်းကို ယမန်နေ့က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်ရှိမွေးကင်းစမှ အသက်တစ်နှစ်ခွဲအထိကလေးငယ်များအား  မျက်စိအားဆေး၊ သန်ချဆေး တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကိုယ်ဝန်ဆောင်အား ဆေးတိုက် ကျွေးခြင်းများအား ဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့က ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ် ဆေးထိုးဆေး တိုက်ခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment