ဆီဆိုင်၊ နိုဝင်ဘာ ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာရှိ ပြည်သူများတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ (RDT)Tesk Kit ဖြင့် အခမဲ့ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီက နောင်ကျော ကျေးရွာအုပ်စု၊ ဟော်တော်ကျေးရွာ စုပေါင်းခန်းမ၌ ကျန်းမာရေးဝန်ထမ်းများက အခမဲ့ကွင်းဆင်း စစ်ဆေးပေးသည်။
ထိုသို့ အခမဲ့စစ်ဆေးပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်စာရေးတို့က ကျေးရွာအတွင်းရှိ ဒေသခံ ပြည်သူများထဲမှ မိမိသဘောဆန္ဒအရ လာရောက်စစ်ဆေးခံသူများအား စစ်ဆေးပေးခဲ့ရာ အမျိုးသား(၂၄)ဦးနှင့် အမျိုးသမီး(၅၃)ဦး စုစုပေါင်း(၇၇)ဦးကိုစစ်ဆေးပေးခဲ့နိုင်ပြီး ၎င်းတို့တွင် ရောဂါပိုးမတွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သတင်း - မျိုးမြတ်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment