ကျောက်ဆည်မြို့နယ်တွင် ချောင်းဆုံကျေးရွာတွင်နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ အခမဲ့ပြုလုပ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ချောင်းဆုံကျေးရွာတွင်နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများ အခမဲ့ပြုလုပ်ပေး





ကျောက်ဆည်၊ နိုဝင်ဘာ  ၁၉

  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည်စုံမှု ရရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေစာရင်းများကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီက ချောင်းဆုံကျေးရွာသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးရာတွင် လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ထားရွှေ ဦးဆောင်မှုဖြင့် ဝန်ထမ်းများကချောင်းဆုံ ကျေးရွာ၌ အသက် (၁၀)နှစ်အထက် အမျိုးသား(၂)ဦး၊ အမျိုးသမီး(၂)ဦး၊ အသက် (၁၆)နှစ်မှ(၁၈)အကြား အမျိုးသား(၁)ဦး၊အမျိုးသမီး (၂)ဦး၊အသက်(၁၈) အထက် အမျိုးသား(၁၃)ဦး၊ အမျိုးသမီး (၁၄)ဦး အိမ်ထာင်စု စာရင်း(၁၀)စု တို့ကို အသစ်ဆောင်ရွက်ပေး ခဲ့ သည့်ပြင် နိုင်ငံသားစိစစ်ရေးကဒ် ပျောက်ဆုံသူ အမျိုးသမီး(၈)ဦးနှင့် အိမ်ထောင်စုစာရင်း(၁)ခုကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဦးရေ (၁၃၅၇၀)ကို နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေးနိုင်ရေး လျာထားဆောင်ရွက်ခဲ့ရှိရာ ယခုအခါ အသက်(၁၀)နှစ်မှ (၁၈)နှစ် အကြား (၂၄၇)ဦး၊ အသက်(၁၈)နှစ်အထက်(၂၂၂၀)ဦး စုစုပေါင်း(၂၄၆၇)ဦး အား နိုင်ငံသားစိစစ်ရေးကတ်များ အခမဲ့ ဆောင်ရွက်ပေး နိုင်ခဲ့ပြီး အမျိုးသား(၁၄၄၃)ဦး၊ အမျိုးသမီး(၁၃၇၃)ဦး စုစုပေါင်း (၂၈၁၃)ဦးရှိသည့် အိမ်ထောင်စု လူဦးရေ စာရင်း(၆၈၈)စု ပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် လုပ်ဆောင်ရန်ကျန်ရှိနေသည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေစာရင်းများကိုလည်း ဆက်လက်လုပ်ဆောင် ပေးလျက်ရှိကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

သတင်း - သက်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)