စစ်ကိုင်း၊ နိုဝင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျှက် ယမန်နေ့မွန်းလွဲ (၁)နာရီအချိန် က ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခန္တီးခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က နှုတ်ခွန်းဆက်စကား ပြောကြားပြီး ခန္တီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ဦးဆွေ က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ခန္တီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကိုကိုအောင် က ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးများက မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများက မိတ်ဆက်ပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဝန်ကြီးများက ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ကုသရေးဆိုင်ရာပစ္စည်းများ၊ စားသောက်ဖွယ်ရာများ၊ အားကစားပစ္စည်းများနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများ၊ ပန်းခင်းစီမံချက်အရ အိမ်ထောင်စုလက်မှတ်နှင့် မှတ်ပုံတင်များ၊ လုံခြုံရေးအဖွဲ့များအတွက် ငွေကျပ်(၅)သိန်းကိုလည်းကောင်း၊ စားသောက်ဖွယ်ရာ ပစ္စည်းများကိုလည်းကောင်း တာဝန်ရှိသူများထံသို့ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် က နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ဟန်ထွန်း (အင်းဝ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment