Pages

Pages

ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို အလှည့်ကျစနစ်ဖြင့် စတင်ထုတ်ပေး




ကော့ကရိတ်၊ နိုဝင်ဘာ ၂၂

 ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့ နံနက်  ၉နာရီက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ အလှည့်ကျစနစ်ဖြင့် စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို နိုင်ငံတော်အစိုးရက သတ်မှတ်ထားသော ရုံးပိတ်ရက်များမှအပ ရုံးဖွင့်ရက်များတွင် ထုတ်ပေးလျက် ရှိရာ ယနေ့တွင် အငြိမ်းစားဝန်ထမ်း ပင်စင်လစာ လာရောက်ထုတ်ယူသူ (၂၉၇)ဦးရှိပြီး၊  ကော့ကရိတ်မြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်း ပင်စင်လစာထုတ်ယူမည့်သူ စုစုပေါင်း (၂၀၂၀)ဦး ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

သတင်း - စောအောင်မျိုးလွင် (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment