Pages

Pages

မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ်ဒုတိယအကြိမ် ပြည်သူ(၁၂၈၉၁)ဦးတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်



မြင်းခြံ၊ နိုဝင်ဘာ   ၄

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  မြင်းခြံမြို့နယ်တွင် ဒုတိယအသုတ် ဒုတိယ အကြိမ်အဖြစ် အသက်(၅၅)နှစ်အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုမြင်းခြံမြို့နယ်အတွင်းမှ ထနောင်းတိုင်၊ ကွမ်းစိုက်၊ ပျော်ဘွယ်၊ တလုတ်၊ နွားဘူးအိုင်၊ ဆီမီးခုံနှင့် ဆင်းဂွတ်ကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲ(၇)ခုနှင့် မြင်းခြံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ရွှေပြည်စိုးသာသနာ့ ဗိမာန်တို့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရှိရသည်။

မြင်းခြံမြို့နယ်တွင် နိုဝင်ဘာ ၃ရက်နေ့တွင် မြင်းခြံမြို့နယ်မှအသက်(၅၅)နှစ် အထက်ပြည်သူ(၃၁၄၀)ဦးကို  ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ခဲ့သည်။

အဆိုပါ ဒုတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၁၂၈၉၁)ဦးရှိပြီး အခြားကျန်ရှိနေသူများကိုလည်းကျန်းမာရေးဝန်ကြီး ဌာန၏ သတ်မှတ်ဦးစားပေးအလိုက် ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

 

No comments:

Post a Comment