Pages

Pages

ပေါက်ခေါင်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်‌ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကျင်းပ

 


ပေါက်ခေါင်း၊ နိုဝင်ဘာ   ၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပေါက်ခေါင်းမြို့နယ် ဦးစီးမှူးရုံးမှ ကြီးမှူး၍ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင် က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်စိုး တို့က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော အိမ်ထောင်စု (၁၀၄၄)စုအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြား (၂၇၄၂)ခုတို့ကို သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စု တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြသည်။

ပေါက်ခေါင်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် ကျေးရွာအုပ်စု(၅၃)အုပ်စုရှိရာ ပန်းခင်းစီမံချက်ဖြင့် ပြည်သူ(၄၇၃၄)ဦးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆက်လက်ပြုလုပ်ပေးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် လဝက ဦးစီးမှူးထံမှ သိရသည်။

သတင်း - သန်းထွန်းအောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment