မောင်တော၊ နိုဝင်ဘာ ၁
ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများအား ယနေ့ နံနက်ပိုင်းမှ စ၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်းချက်များနှင့်အညီ ပြန်လည် စတင်ဖွင့်လှစ် သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
မောင်တောမြို့တွင် ကျောင်းတက်ရောက်လာသည့် ကျောင်းသား/သူများ ကိုယ် အပူချိန်တိုင်းတာခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ကွာကွာနေစေ၍ ကျောင်းများဖွင့်လှစ် သင်ကြားပို့ချ လျှက်ရှိကြောင်း သိရသည်။ မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ကျောင်း(၁၈၇)ကျောင်းသည့်အနက် အထက်တန်းကျောင်း (၁၀) ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၅) ကျောင်း ၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အလယ် တန်း ကျောင်း(ခွဲ) (၁၂) ကျောင်း၊ မူလတန်းလွန်ကျောင်း (၄၈) ကျောင်း ၊ မူလတန်း ကျောင်း (၃၄) ကျောင်း၊ မူလတန်းကျောင်း(ခွဲ) ၁၃ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂) စုစုပေါင်း(၁၂၆) စတင်ဖွင့်လှစ် သင်ကြားပို့ချလျက်ရှိရာ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၂၅၂၆၉)ဦး နှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီး အပါအဝင် ဆရာ၊ဆရာမ (၁၃၁၉)ဦး ရှိကြောင်း တာဝန်ခံ မြို့နယ်ပညာရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝေသိန်း ထံမှ သိရသည်။
သတင်း - သက်လွင်စိုး
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment