Pages

Pages

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ အသက်(၅၅)နှစ် အထက် ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေ;


ရန်ကုန်၊ နိုဝင်ဘာ  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက် ဦးစားပေး အစီအစဉ်အလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ် အထက် အသက်အရွယ်ရှိ ရဟန်းရှင်လူပြည်သူများအား ပထမ အကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို  မြို့နယ်အတွင်း စုရပ်ငါးနေရာ သတ်မှတ်ပြီး ထိုးနှံပေး လျက်ရှိရာ  ယနေ့တွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူ ၁၃၉၇ ဦးရှိပြီး ဆေးထိုးနှံပြီးသူ ၄၁၃၇၆ ဦး ရှိကြောင်း သိရသည်။

အသက်(၅၅)နှစ် အထက် ပထမအကြိမ် ထိုးနှံပြီးသူများအား  ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေး လျက်ရှိရာ ယနေ့တွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ၁၀၉၈ ဦးရှိရာ  ကာကွယ်ဆေးထိုးနှံပြီးသူ ၂၀၄၈၆ ဦးရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်၊ မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာတင်မူမြင့် တို့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊  မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များပူးပေါင်း၍ ကျန်းမာရေး လမ်းညွှန်ချက်များနှင့် အညီ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - မြင့်မြင့်ရီ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment