Pages

Pages

ရှမ်းရွာသစ်မြို့ အခြေခံပညာကျောင်းများအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ လက်ဝယ်အရောက်ပေးအပ်



ရှမ်းရွာသစ်၊ နိုဝင်ဘာ   ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင်  ဒေသနေပြည်သူများ၏  လူမှုဘဝ တိုးတက်စေရန် ရည်ရွယ်ပြီး ကရင်ပြည် နယ်အစိုးရအဖွဲ့မှ လှူဒါန်းသော ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူတို့က  လိုက်လံပေးအပ်လျက်ရှိရာ  ရှမ်းရွာသစ်မြို့ မဲလရောကျေးရွာအုပ်စုနှင့် ရင်းဘိုင်းကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်း ကျောင်းများအတွက်  ဆိုလာနှင့် ဆက်စပ် ပစ္စည်းများကို  သက်ဆိုင်ရာ တာဝန်ရှိ သူများထံသို့ ယနေ့နံနက်ပိုင်းတွင် လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရ သည်။

အဆိုပါ ဆိုလာနှင့် ဆက်စပ်ပစ္စည်းများ ပေးအပ်ခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင် တာဝန်ရှိသူတို့က ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ၎င်းဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခြင်း ဖြစ်ကြောင်း၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းတို့အတွက် အဓိကထား ပေးအပ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားပြီးနောက် ဆိုလာနှင့် ဆက်စပ်ပစ္စည်းများကို ရင်းဘိုင်းကျေးရွာအုပ်စုရှိ အခြေခံပညာကျောင်း (၄) ကျောင်း အတွက် ဆိုလာနှင့်ဆက်စပ် ပစ္စည်း(၄)စုံနှင့် မဲလရောကျေးရွာအုပ်စုရှိ အခြေခံပညာ ကျောင်း (၇) ကျောင်းအတွက် ဆိုလာနှင့်ဆက်စပ်ပစ္စည်း (၇) စုံ စုစုပေါင်း (၁၁) စုံကို တာဝန်ရှိသူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ကျေးရွာများ၊ စာသင် ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဆေးပေးခန်းများ မကျန်ရှိစေရေး အတွက်  ဆက်လက် ပေးအပ် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment