Pages

Pages

မေတ္တာမြို့တွင် အသက် (၁၈)နှစ်နှင့်အထက်ပြည်သူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး



မေတ္တာ၊ နိုဝင်ဘာ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့အတွင်းရှိပြည်သူများကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး(ဒုတိယအကြိမ်)ထိုးနှံပေးခြင်းကို ထားဝယ်မြို့နယ်၊ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်(၉)နာရီအချိန်ခန့်တွင် မေတ္တာမြို့၊ မိုးလုံလေလုံ ခန်းမတွင်ထိုးနှံ ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးလာရောက်ထိုးနှံသူ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများနှင့်လူမှုကူညီရေးအဖွဲ့များက အပူချိန်တိုင်းပေးခြင်း၊ သွေးပေါင်ချိန်ပေး ခြင်း၊တို့ကို ပြုလုပ်ဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးအခြေအနေအပေါ်မူတည်၍ ကာကွယ်ဆေး များထိုးနှံပေး လျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မေတ္တာမြို့  မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက အနီး ကပ်ကြီးကြပ်ကာဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပရဟိတ အဖွဲ့ဝင် များကဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

သတင်း - နန်းခလိုက် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment