Pages

Pages

ခင်ဦးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် (၄၀၀) ကျော်ဆောင်ရွက်ပြီး



ခင်ဦး၊ နိုဝင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို ဆောင်ရွက်ပေးလျက်ရှိရာ နိုဝင်ဘာလ ၉ ရက်နေ့ထိ နိုင်ငံသားစိစစ်ရေးကတ်ပြား (၄၀၀) ကျော်ကို ဆောင်ရွက်ပြီး ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ မြို့နယ်ဦးစီးမှူးရုံးက သိရသည်။

ခင်ဦးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ရခြင်းမှာ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် အသက် (၁၈) နှစ်ပြည့်ပြီးသူတိုင်း ဂုဏ်သိက္ခာရှိရှိဖြင့် နိုင်ငံသားကတ်ကိုင်ဆောင်ပြီး မဲပေးနိုင်ရေးအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးတာဖြစ်ကြောင်း၊ ပန်းခင်းစီမံချက်ကာလမှာ မေလ ၃ ရက်နေ့မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ထိ သတ်မှတ်ထားပြီး ပန်းခင်းစီမံချက်ဆောင်ရွက်မည့် လုပ်ငန်း (၄) ရပ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ထိ နိုင်ငံသားစိစစ်ရေးကတ်ပြား များကို အသက် (၁၆) နှစ်အထက် (၇၉) ဦး၊ အသက် (၁၈) နှစ်အထက် (၃၆၇) ဦးနှင့် ရွေ့ပြောင်းအိမ်ထောင်စု (၄) စုကို ဆောင်ရွက်ပေးပြီး ကျန်ရှိနေသူများကိုလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း လက်ထောက်မြို့နယ်ဦးစီးမှူး ဦးစိုးဝင်းသန်း ထံက သိရသည်။


သတင်း - စိုးဝေအောင်(ခင်ဦး)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment