Pages

Pages

မော်လမြိုင်မြို့ ရှင်ဥပဂုတ္ထရဟန္တာ မထေရ်မြတ် ဆွမ်းသပိတ်မျှောပူဇော်ပွဲနှင့် ဦးဇိနစေတီတော် မြတ်ကြီးဘက်စုံမွမ်းမံပြုပြင် ပူဇော်နိုင်ရေး မွန်ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်




မော်လမြိုင်၊ နိုဝင်ဘာ  ၁၈

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊   ပြည်နယ်ဝန်ကြီးများ၊   ဌာနဆိုင်ရာတာဝန်ရှိ သူများသည် ယနေ့နံနက်ပိုင်းက တန်ဆောင်မုန်းလပြည့်ဖြစ်သည်နှင့်အညီ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မော်လမြိုင်မြို့  ကမ်းနားလမ်း ဆိပ်ကမ်းသာ တံတားတွင်  ကျင်းပပြုလုပ်သော   ရှင်ဥပဂုတ္တရဟန္တာ မထေရ်မြတ်ပူဇော်ပွဲနှင့်ဆွမ်းသပိတ်မျှောပွဲသို့တက်ရောက်သည်၊၊

ရှေဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  ရှင်ဥပဂုတ္တရဟန္တာ  မထေရ်မြတ်အား  ဖူးမြော် ကြည်ညိုကန်တော့ပြီး သံလွင်မြစ်အတွင်း ဆွမ်းသပိတ်အိုးမျှောလှူ ပူဇော်ကြသည်၊၊  ဆက်လက်ပြီး

ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်နှင့်     ပြည်နယ်ဝန်ကြီးများသည်    မော်လမြိုင်မြို့ ကျက်သရေဆောင်   ဦးဇိနစေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော် ၊ ရွှေထီးတော် ၊ လုံးတော်ပြည့်   ရွှေသင်္ကန်ကပ်လှူခြင်းနှင့်   ဘက်စုံ မွမ်းမံ ပြုပြင်ခြင်းလုပ်ငန်းများ၊    ငြမ်းပြင်ဆင်ပြီးစီးမှု၊    စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် အသစ်ပြန်လည်တင်လှူပူဇော်ရေး၊ ရွှေထီးတော်အကြီးစား   ပြုပြင်ခြင်းလုပ်ငန်းများအား  ကြည့်ရှုစစ်ဆေး ကာ ဂေါပက အဖွဲ့ဝင်များနှင့်  တာဝန်ရှိသူများအား ဘက်စုံမွမ်းမံ ဆောင်ရွက်နိုင်မှုအချိန်မီပြီးစီးရေး၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ဘုရားဖူးပြည်သူများ စိတ်နှလုံးအေးချမ်းစွာ  ကုသိုလ်ယူနိုင်ကြရေးမှာကြားသည်၊၊

မော်လမြိုင်မြို့ကျက်သရေဆောင် ဦးဇိနစေတီတော်မြတ်ကြီးစိန်ဖူးတော်၊  ငှက်မြတ်နားတော်နှင့်   ငှက်ပျောဖူးတော်တို့တွင် ကိုးလက်မပတ်လည် ၁  ကျပ်သား ရွှေစင်၊   ရွှေပြား ၄၅၀ ချပ်နှင့် ထီးတော်၊ ကြာမှောက် ကြာလန်၊ ဖောင်းကိုးရစ်၊ ပန်းဆွဲ၊ ခေါင်းလောင်းတို့တွင် နှစ်လက်မပတ်လည် ရွှေဆိုင်း ၂၈၀၀  ကပ်လှူပူဇော်မည်ဖြစ်ကြောင်း၊   တပို့တွဲလပြည့်နေ့ မတိုင်မီ  ပြီးစီးရန် ဆောင်ရွက်လျက်ရှိသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်    ပေါင်မြို့နယ် ကင်းရွာ ဓမ္မအလင်းရောင် ဗုဒ္ဓ သာသနာ့ရိပ်သာ (ဖားအောက်တောရရိပ်သာခွဲ) ကျောင်းသို့သွားရောက်၍ ဆရာတော် ဘဒ္ဒန္တဓမ္မပတိ အား ဖူးမြော်ကြည်ညိုကန်တော့ပြီး    လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းပေးသည်၊၊

မွန်ပြည်နယ်တွင်   တန်ခိုးကြီးဘုရားများ၏     ဗုဒ္ဓပူဇနိယပွဲတော်များကို     နှစ်စဉ်စည်ကား သိုက်မြိုက်စွာကျင်းပလျက်ရှိရာတန်ဆောင်မုန်းလပြည့်(သာမညဖလအခါတော်နေ့) တွင်မော်လမြိုင် မြို့၌   ဆီမီးများထွန်းညှိပူဇော်ခြင်း၊   နံနက်အရုဏ်တက်ချိန် ရှင်ဥပဂုတ္ထ ရဟန္တာ  မထေရ်မြတ်အား ဆွမ်းအိုးမျှော    ကပ်လှူပူဇော်ခြင်းနှင့် မြန်မာလူမျိုးတို့၏   ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီး၊ရက်ကြီးများတွင် ဘုရားဖူးပြည်သူများ၊ခရီးသွားပြည်သူများအား အာဟာရဒါန စတုဒီသာများဖြင့် ရပ်ကွက်/ကျေးရွာအလိုက် ဧည့်ခံကျွေးမွေး ကုသိုလ်ယူလျက် ရှိကြောင်းသိရသည်။

သတင်း - ဇာဖြူဝင်း(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment