နေပြည်တော်၊ နိုဝင်ဘာ ၁
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် သက်ဆိုင်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပညာရေးမှူး၊ တာဝန်ခံကျောင်းအုပ်ကြီးများ နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ဆေးထိုးစုရပ်အဖြစ် အသုံးပြုခဲ့သည့် ဇမ္ဗူသီရိမြို့နယ်၌ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၊ ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပျဉ်းမနားမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျာသီရိမြို့နယ် ခေတ်အေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တပ်ကုန်းမြို့နယ် ရွှေမြို့အခြေခံပညာ အထက်တန်းကျောင်း၊ ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း များသို့သွားရောက်၍ ကျောင်းများပြန်လည် ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ ကျောင်းအသီးသီးသို့ ကျောင်းပြန်လည် ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ပြင်ဆင် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက ကျောင်းပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အသက်(၁၂) နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နေပြည်တော် ကောင်စီအဖွဲ့ဝင်က နိုင်ငံတော်အစိုးရ အနေဖြင့် ကျောင်းသား/ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများ မဆုံးရှုံးစေရေး နိုဝင်ဘာလ(၁)ရက်နေ့မှ စတင်၍ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ် သွားမည်ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားရန် လိုအပ်ပါကြောင်း၊ အသက်(၁၂) နှစ်အထက် ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံကြရန် ကျန်ရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆက်လက်ထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် မိမိတို့ကျောင်းသား ကျောင်းသူများအား ပညာသင်ကြားပေးရုံသာမက ယဉ်ကျေးလိမ္မာသော ကျောင်းသား/ကျောင်းသူများ ဖြစ်လာစေရန် သင်ကြားပြသပေး စေလို ကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက မြိုနယ်အသီးသီးရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းတွင်အသုံးပြုရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး စာသင်ခန်းများအတွင်း စာသင်ကြားနိုင်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
သတင်း - ထွန်းထွန်းဝင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment