Pages

Pages

ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၁)ကျင်းပ



လွိုင်ကော်၊ နိုဝင်ဘာ ၈

ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၉/၂၀၂၁)အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကယား ပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဦးစိန်ဦး၊ ပြည်နယ် အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲ ရေးမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးအံ့မော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးမြင့်ဝေက ပြည်သူများ၏ ကျန်းမာရေးကို စောင့်ရှောက်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးများ ထိုးနှံရာတွင်လည်း ပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား အဆင်ပြေစွာ ထိုးနှံနိုင်‌ရေးအတွက် ဆောက်ရွက်ပေး စေလိုကြောင်း၊ ခရိုင်၊ မြို့နယ်ကိုဗစ်ကော်မတီများ အနေဖြင့် ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများရှိ  တာဝန်ရှိသူတို့နှင့် ပူးပေါင်း၍ ပြည်သူများ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေးအတွက် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများကိုလည်း ကိုဗစ် ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည့် ကိုဗစ်-၁၉ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များ ဖြစ်ကြသည့် ပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးနှင့် ကယားပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးတို့က ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဆိုင်ရာ အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြ ခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က အထွေထွေဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကယားပြည်နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး မြင့်ဝေက ကိုဗစ်-၁၉ ရောဂါ စတုတ္ထလိုင်း ဖြစ်ပေါ်လာပါက ကြိုတင်စီမံဆောင်ရွက် ထားရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - စိုးလှိုင်ဌေး

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment