Pages

Pages

အမေရိကန်နိုင်ငံသား Mr. Daniel Jacob Fenster အား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေး

 






ရန်ကုန်၊ နိုဝင်ဘာ ၁၅

အမေရိကန်နိုင်ငံသား Mr. Daniel Jacob Fenster အား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သိရသည်။


ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo WATANABE ၊ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr.Yohei SASAKAWA နှင့် အမေရိကန်နိုင်ငံ၊ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ရစ်ချက်ဆန်စင်တာဥက္ကဋ္ဌ Mr. Bill Richardson တို့၏ မေတ္တာရပ်ခံချက်အရလည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်သော ဆက်ဆံရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် အမေရိကန်နိုင်ငံသား Mr. Daniel Jacob Fenster အား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပြုကာ ပြည်နှင်ဒဏ်ပေးလိုက်ခြင်း ဖြစ်သည်။


ယနေ့တွင် ၎င်းသည် Mr. Bill Richardson နှင့်အတူ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားကြောင်း သက်ဆိုင်ရာမှ သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment