Pages

Pages

တန့်ဆည်မြို့နယ် အင်္ကုက္ကားကျေးရွာတွင် NLD, PDF အကြမ်းဖက်သမားများက အပြစ်မဲ့ပြည်သူ ၅ဦးကို သတ်ဖြတ်မှု ဖြစ်ပေါ်


တန့်ဆည်၊ နိုဝင်ဘာ ၃

တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာတွင် ယေန့ နေ့လည် ၁၂နာရီဝန်းကျင်က NLD, PDF အကြမ်းဖက်သမားများက မိုင်းခွဲသတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူတစ်ဦးကို ပစ်သတ်ခြင်း အပါအဝင် အပြစ်မဲ့ ပြည်သူ ၅ဦး အသတ်ခံခဲ့ရကြောင်း သိရသည်။


NLD, PDF အကြမ်းဖက်သမားများက ဦးဆွေ၏ နေအိမ်ရှေ့တွင် မိုင်းထောင်ခဲ့ရာမှ ကျောင်းဆရာ(ငြိမ်း) ဦးဆွေ၊ သမီး အကြီး၊ သမီး အလတ် (၃)ယောက်၊ ဦးဆွေ၏ အိမ်တွင် ရောက်ရှိနေသည့် ဆရာမ ဒေါ်ခင်ဆွေဦး တစ်နေရာတည်းတွင် (၄)ဦး သေဆုံးခဲ့ရပြီး အင်္ကုက္ကားကျေးရွာမြောက်ပိုင်းမှ ဒေါ်ညိုညို ဆိုသည့် ဈေးသည်တစ်ဦးကိုလည်း NLD, PDF အကြမ်းဖက်သမားများက ပစ်သတ်သွားကြောင်း သိရသည်။


အလားတူ ပေကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးကျော်ထူး၏ ဈေးဆိုင်အတွင်း NLD, PDF အကြမ်းဖက်သမားများက ဝင်ရောက်ပစ်ခတ်ရာ ဦးကျော်ထူးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သမီးဖြစ်သူ၏ ဦးခေါင်းကို သေနတ်ထိမှန် ခဲ့ကြောင်း သိရသည်။


ဦးဆွေ၏ သားဖြစ်သူဟု ယူဆရသူ ဦးတင်အောင်အောင်ဆွေက သူ၏ facebook စာမျက်နှာမှ "အင်္ကုက္ကား ထောင့်ကြီးလမ်းထိပ်က ဆရာဦးဆွေဆိုတာ ကျွန်တော့်အဖေပါ။ ဒီနေ့ အဖေရယ်၊ အမကြီး၊ အမလေးတို့ အသတ်ခံရပြီး ကလေးတွေ ဒဏ်ရာရကြတယ်။ ကျွန်တော် ကျန်းမာရေးဝန်ထမ်းပါ။ CDM လုပ်ထားတယ်။ ခန္တီးမှာလာပြီး စုံစမ်းလို့ရတယ်။ ကျွန်တော့်မိသားစုက ဒလန်မဟုတ်ပါ။ ဒါပေမယ့် ဒီနေ့ အသတ်ခံရတယ်။ ဘယ်လိုနားလည်ရမလဲ။ စဉ်းစားမရတော့ဘူး။ ဒလန်ရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ ကျွန်တော့်မိသားစုလို အပြစ်မဲ့ပြည်သူတွေ ဘယ်လောက်တောင် သေနေကြရပြီလဲ။ ခံစားရတယ်ဗျာ။ ကိုယ့်မိသားစုကို သတ်သွားတာက တော်လှန်ရေးလုပ်တယ်ဆိုတဲ့ ကိုယ့်လူတွေ ဖြစ်နေတယ်။" ဟု ရေးသားဖော်ပြထားသည်ကို တွ့ရသည်။


တန့်ဆည်မြို့နယ်တွင် NLD, PDF အကြမ်းဖက်သမားများသည် လူမဆန်စွာ သတ်ဖြတ်မှုပေါင်းမျာစွာ ပြုလုပ်ခဲ့ပြီး ကပေါင်းကျကျေးရွာမှ အပြစ်မဲ့ ပြည်သူ ၁၄ဦး အသတ်ခံခဲ့ရသည်။ ပုတီးကျေးရွာမှ ရဲတပ်ဖွဲ့ဝင် မိသားစုဝင် (၆)ဦးကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။


NLD, PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့ဝန်ထမ်း ၁၃၆၀ ကျော်အထိ သေဆုံးခဲ့ရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com 

No comments:

Post a Comment