Pages

Pages

ကန့်ဘလူမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှ ရုံးစာရေးတစ်ဦးအား NLD, PDF အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်သွားကြပြန်ပြီ


ကန့်ဘလူ၊ နိုဝင်ဘာ ၆

ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ ထွေအုပ်ရုံးစာရေး ကိုသူရကျော်အား NLD, PDF အကြမ်းဖက်သမားများက ဆိုင်ကယ်ဖြင့် လာရောက်၍ ၎င်း၏ နေအိမ်စတိုးဆိုင်ရှေ့တွင် သေနတ်အချက်ပေါင်းများစွာ ပစ်ခတ်၍ သတ်ဖြတ်သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကန့်ဘလူမြို့အမှတ်(၅) ရပ်ကွက်ရှိ ကိုသူရကျော်၏ ဇနီးဖွင့်လှစ်ထားသည့် စတိုးဆိုင်ရှေ့တွင် NLD, PDF အကြမ်းဖက်သမား (၃)ကောင်က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး တစ်ယောက်က သေနတ်ဖြင့် အချက်ပေါင်းများစွာ ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

NLD, PDF အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူများ၊ ဆရာ/ဆရာမများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်း၊ ကလေးငယ်များကိုပါ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိရာ NLD, PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင်း သေဆုံးသူပေါင်း ၁၃၆၀ ကျော်အထိ ရှိခဲ့သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment