Pages

Pages

ဝက်လက်မြိုနယ်ရှိ NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတို့၏ စခန်းတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းမိ



ဝက်လက်၊ နိုဝင်ဘာ ၁၃ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြိုနယ်၊ ထုံဘိုကုန်းကျေးရွာ၊ ဘိုးနတ်တောင်ပေါ်ရှိ ဝက်လက်မြို့နယ်ရှိ NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတို့၏ စခန်းတစ်ခုကို လုံခြုံရေးအဖွဲများက ယနေ့နံနက်ပိုင်း၌ ဝင်ရောက်စီးနင်း သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတို့၏ စခန်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဝက်လက်မြို့နယ်၊ ကူကြီးကျေးရွာရှိ NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာတို့၏ စခန်းတစ်ခုကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး NLD, PDF အကြမ်းဖက်သမားများကို ဖမ်းဆီးနိုင်ခဲ့သည်။

NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာများသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တပ်စခန်းများပြုလုပ်၍ အကြမ်းဖက် သင်တန်းများ ပို့ချလျက်ရှိပြီး လုပ်ကြံသတ်ဖြတ်မှု များစွာကို ကျူးလွန်နေကြခြင်းဖြစ်သည်။ ၁၁ - ၁၁ - ၂၀၂၁ ရက်နေ့က ဝမ်းတွင်းမြို့နယ်တွင် ဆရာတော်တစ်ပါးနှင့် ဆရာမတစ်ဦးကို NLD, PDF အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီး တန့်ဆည်မြို့နယ်၊ ကျွန်းလယ်ရွာတွင်လည်း မိသားစုဝင် သုံးဦးကို NLD, PDF အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment