Pages

Pages

ဒီပဲယင်းမြို့နယ်၌ PDF အကြမ်းဖက်သမားများက ပြန်/ဆက်ဝန်ထမ်းနှစ်ဦးအားသေနတ်ဖြင့်လုပ်ကြံ ပစ်ခတ်ရာ(မစိုးရိမ်ရ) ဒဏ်ရာများရရှိ


ဒီပဲယင်း၊ နိုဝင်ဘာ  ၁၈

ဒီပဲယင်းမြို့နယ်၌ဒီကနေ့နံနက်( ၁၁.၁၅)နာရီအချိန်ခန့်ကPdfအကြမ်းဖက်သမားများကပြန်ဆက်ဝန်ထမ်းလင်မယားနှစ်ဦးအားသေနတ်ဖြင့်လုပ်ကြံပစ်ခတ်ရာ( မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံ သတင်းအရင်းမြစ်များကပြောသည်။

အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH နှင့် NUG တို့သည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချိုသောဒေသ များတွင် အေးချမ်းစွာ နေထိုင်ကြသော ပြည်သူများအား အပြစ်မဲ့ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်း၊ နေအိမ်များအား မီးရှိဖျက်ဆီးခြင်းနှင့် ပစ္စည်းများအား လုယက်ခြင်းတိုကို လုပ်ဆောင် လျက်ရှိသည်။ လက်ရှိအချိန်တွင် ပညာသင်ကြားရမည့် ကျောင်းသား၊ ကျောင်းသူများ ၏ စာသင်နှစ် နစ်နာမှုမရှိစေရန်အတွက် ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းအပေါ် ထိခိုက်ပျက်စီးစေလိုသော အကြမ်းဖက်သမားများက အနန္တဂိုဏ်းဝင် ဆရာ၊ ဆရာများ  ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်ခြင်းနိုင်ငံဝန်ထမ်းများအားခြိမ်းခြောက်ခြင်းများအပြင် လုပ်ကြံသတ်ဖြတ်သည် အထိပါ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်လျက်ရှိ ကြသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးဒီပဲယင်းမြိုနယ်၌ နိုဝင်ဘာ( ၁၈)ရက် ဒီကနေ့နံနက်( ၁၁.၁၅)နာရီအချိန်ကပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန( မြိုနယ် ပြန်/ဆက်)ရုံးတွင်တာဝန်ထမ်းဆောင်နေသော ကိုတင်စိုး-မမာလာ( အမည်လွဲ) လင်မယားနှစ်ဦးသည်မိဘများနေအိမ်မှအပြန် ဒီပဲယင်းမြိုဝင်အနီးတွင် pdf အကြမ်းဖက်သမားများက သေနတ်ဖြင့်လုပ်ကြံ ပစ်ခတ်ခြင်းကြောင့်အမျိုးသားဖြစ်သူမှာဝမ်းဗိုက်တွင်ရှပ်ထိဒဏ်ရာ( မစိုးရိမ်ရ) အမျိုးသမီးတွင်ဒူးခေါင်းတွင်လည်းကောင်း( မစိုးရိမ်ရ) ဒဏ်ရာများအသီးသီးရရှိခဲ့ပြီးလက်ရှိအချိန်တွင် ဒေသအတွင်းရှိဆေးရုံများတွင်ဆေးဝါးကုသခံယူနေကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားရာသို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျှက်ရှိသည်။န.စ.က မှအာဏာထိန်းပြီးနောက်ပိုင်း ပြန်/ဆက် ဝန်ထမ်းအား ပစ်ခတ်ခံရမှုဟာပထမဆုံးဖြစ်ကြောင်းလည်းသိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment