နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကွင်းဆက်ပြတ်တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ ကွင်းဆင်းစစ်ဆေး




နောင်ချို၊ နိုဝင်ဘာ  ၁၈ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကွင်း ဆက်ပြတ် တောက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာအုပ်စုများတွင် Pilot Project အစီအစဉ်ဖြင့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ကဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီထံမှသိရသည်။

ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာ ရေးဌာန၊ ဌာနဆိုင်များ၊ ပရဟိအဖွဲ့များပါဝင်သော အဖွဲ့များက နောင်ချိုမြို့နယ် ဈေးရပ်ကွက်တွင်  ကိုဗစ်-၁၉ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိရသူများနှင့်ထိတွေ့ဆက်စပ်ခဲ့သူများ၊ ဖျားနာသူများ စုစုပေါင်း လူဦးရေ (၁၅၅)ဦးကိုPilot Project ဖြင့် စစ်ဆေးခဲ့ရာ လူပုဂ္ဂိုလ်(၅)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း စိစစ်တွေ့ရှိခဲ့ရာပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၃.၂၂ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေး ဌာနမှသိရသည်။

အဆိုပါရောဂါပိုးတွေ့ရှိသူ(၅)ဦးအား နောင်ချိုမြို့နယ်ပြည်သူ့ဆေးရုံတွင် ထားရှိ၍ ကြပ်မတ်ကုသ ဆောင်ရွက်လျက်ရှိကြောင်းနှင့်ကိုဗစ်-၁၉ရောဂါအမြန်ဆုံးကွင်းဆက်ပြတ်တောက်နိုင်ရန်ရည်ရွယ်၍  ကွင်းဆင်း စစ်ဆေးမှုများ၊ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း  မြို့နယ်ကို ဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီထံမှ သိရသည်။                                                     

ထွေးငယ်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)