မယ်စဲ့မြို့နယ် ပန်းတိန်းကျေးရွာ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ကွင်းဆင်းစစ်ဆေးပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မယ်စဲ့မြို့နယ် ပန်းတိန်းကျေးရွာ၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့် ကွင်းဆင်းစစ်ဆေးပေး



မယ်စဲ့၊ နိုဝင်ဘာ ၇

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာ၌ ဒေသခံပြည်သူ ၅၅ ဦးအား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိကို  Rapid Antigen Diagnostic Test Kit ဖြင့် စစ်ဆေးပေးခြင်းကို ယမန်နေ့က ပန်တိန်းကျေးရွာ တိုက်နယ်ပြည်သူ့ဆေးရုံ၌ အခမဲ့ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၉ ဦး၊ စုစုပေါင်း ၁၅ ဦး တို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ပိုးတွေ့လူနာများအား အလက (ပန်းတိန်း) ကုသရေးစင်တာတွင် ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိပြီး မယ်စဲ့မြို့နယ်တွင် ယနေ့အထိ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၄၀၆ ဦးနှင့် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂၂၇ ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

သတင်း - ဝတ်ရည်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)