Pages

Pages

စျေးသူ/စျေးသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT test kit ဖြင့် စစ်းဆေးပေး




အလုံ၊ နိုဝင်ဘာ   ၁၆

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ  ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နအတွင်းရှိ  စျေးသူ၊ စျေးသားများအား   ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT test kit ဖြင့် စစ်ဆေးပေးခြင်းကို  နိုဝင်ဘာ ၁၆ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ် အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အလုံစျေးမှ စျေးသူ၊စျေးသား(၁၇)ဦး၊ ဆင်မင်းစျေးမှ စျေးသူ၊ စျေသား(၁၃)ဦး၊ စုစုပေါင်(၃၀)ဦးတို့အား RDT test kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ  ပိုးတွေ့ရှိမှုမရှိကြောင်း သိရပြီး အဆိုပါ စစ်ဆေးရာတွင် စျေးများနှင့် ကုန်စည်ပွဲရုံများဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်(၅)၊ ဒေါက်တာငွေစန်းနှင့်အဖွဲ့၊ မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးနှင့် ကြီးလေးကြီးလူမှုကူညီရေးအသင်းတို့က ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment