Pages

Pages

နာဂဒေသ၊ နန်းယွန်းမြို့၌ အသက်(၁၂) နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac (ပထမ)အကြိမ်၊ ဒုတိယနေ့ထိုးနှံ



နန်းယွန်း၊ နိုဝင်ဘာ  ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌  အသက်(၁၂)နှစ်နှင့်အထက် အခြေခံ ပညာအလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ယူခွင့် အခွင့်အလမ်းများ ရရှိလာစေရန်၊ ကျောင်းဖွင့်ချိန်အမှီ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လွှမ်းခြုံမှုအလျှင် အမြန်ရရှိစေရန်နှင့် အတူနေမိသားစုနှင့် ပတ်ဝန်းကျင်သို့ ရောဂါကူးစက်ပြန့်ပွားမှု တားဆီးနိုင်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းအား ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်မှစတင်၍  နန်းယွန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း၌ (ပထမ)အကြိမ်၊ ဒုတိယနေ့ ကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာတင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်လှိုင်ဝင်း၊ ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာများက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို နိုဝင်ဘာလ(၁)ရက်နေ့ ပထမရက်တွင် နန်းယွန်းမြို့နယ် အတွင်းရှိ အသက်(၁၂)နှစ်အထက်  အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၉၇)ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ(၁၅၇)ဦး၊ ပေါင်း(၂၅၄)ဦးနှင့်  ယနေ့ ဒုတိယနေ့တွင် အလယ်တန်း ကျောင်းသား၊ ကျောင်းသူ(၅၆)ဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ(၃၂)ဦး၊ ပေါင်း(၈၂)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ရာ နိုဝင်ဘာ(၅)ရက်နေ့အထိ အလယ်တန်းအဆင့်(၂၅၃)ဦး၊ အထက်တန်း အဆင့်(၁၈၉)ဦး၊  စုစုပေါင်း (၄၄၂)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ကြောင်း နန်းယွန်းမြို့နယ် အထက်တန်း ကျောင်းအုပ်ဆရာကြီး ဦးအောင်လှိုင်ဝင်းထံမှ သိရသည်။

သတင်း - ဟန်ကမ်း(နန်းယွန်း)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment