Pages

Pages

သီပေါမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SINOVAC)ထိုးနှံပြီးသော အသက်(၁၂)နှင့်အထက် ကျောင်းသား/သူများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိ





သီပေါ၊ နိုဝင်ဘာ  ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသော အသက်(၁၂)နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးခြင်းကို နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်(၉)နာရီက သီပေါမြို့ အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း စုရပ်(၂)နေရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (SINOVAC)ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာလ ၁၇ ရက်နေ့က ကျောင်းသား၊ ကျောင်းသူ (၃၉၄) ဦးအားထိုးနှံပေးခဲ့ပြီးယနေ့တွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ကျောင်းသား/သူများအား မှတ်တမ်းများရေးသွင်းခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်းများ ဆောင်ရွက်ပေးပြီး ပုံမှန်ဖြစ်သော ကျောင်းသား၊ ကျောင်းသူများကိုသာ ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်ပါက ကျန်းမာရေးဝန်ထမ်း များက ကုသပေးနိုင်ရန် ကြိုတင်စီစဉ်ထားကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံသည့် စုရပ်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကြီးကြပ်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်း - ခင်လေး (ပြန်/ဆက်)   

https://t.me/MyanmarNationalPost

www.mnpnewsagency.com 

No comments:

Post a Comment