Pages

Pages

မိုးကောင်းမြို့နယ်၌ VDP စီမံကိန်းနှစ်အလိုက် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေသုံးစွဲရေး (AVIP) ပြုစုနည်း သင်တန်းဖွင့်လှစ်



မိုးကောင်း၊  နိုဝင်ဘာ ၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ် ၆ လဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများဖြစ်သော မြတောကျေးရွာ၊ ညောင်ထောက်ကလေးကျေးရွာ၊ သူဌေးကုန်းကျေးရွာနှင့် ပင်လုံကျေးရွာ ကော်မတီဝင် များအား နှစ်အလိုက် ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေသုံးစွဲရေး အစီအစဉ် (AVIP) ပြုစုနည်းသင်တန်းကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါ ဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


သင်တန်းတွင် မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်သူဝင်းက VDP စီမံကိန်းရည်ရွယ်ချက်များအတိုင်း အမှန်တကယ်အကောင်အထည်ဖော် ဆောင်ရွက်စေရေး အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခင်သီတာဝင်းမှ ကျေးရွာစွန့်ပစ် အမှိုက် စီမံခန့်ခွဲမှုစနစ်နှင့် ကျေးရွာခေါင်းဆောင်မှုတို့ကို လည်းကောင်း၊ စီမံကိန်းတာဝန်ခံ ဒုတိယ ဦးစီးမှူး ဒေါ်ဖြူဇင်မြင့်က ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းတွင် ဖြည့်စွက်ရမည့် စာရင်းဇယားများကို လည်းကောင်း စာတွေ့လက်တွေ့ပို့ချသင်ကြားပေးခဲ့ ကြောင်း သိရသည်။


မိုးကောင်းမြို့နယ်ရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်မည့် ကျေးရွာ ၄ ရွာအား တစ်ရွာချင်းအလိုက် ရန်ပုံငွေကျပ်သိန်း (၁၀၀)စီဖြင့် ကျေးရွာသူ/သားများ၏ လုပ်အားဖြင့် ပူးပေါင်း၍ ကျေးရွာခန်းမဆောက်လုပ်ရေးလုပ်ငန်း၊ စာသင်ကျောင်း ခြံစည်းရိုး ကာရန်ခြင်းလုပ်ငန်း၊ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ရွာတွင်း တံတားဆောက်လုပ်ခြင်း လုပ်ငန်းများစသည့် ကျေးရွာဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရ သည်။


သတင်း - သန်းလွင်ဦး

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment