မြန်မာကိုယ်စားလှယ်အဖွဲ့ ဒူဘိုင်းကုန်စည်ပြပွဲတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AgraMe, AquaMe ပြခန်းများ ကြည့်ရှုလေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာကိုယ်စားလှယ်အဖွဲ့ ဒူဘိုင်းကုန်စည်ပြပွဲတွင် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AgraMe, AquaMe ပြခန်းများ ကြည့်ရှုလေ့လာ



နေပြည်တော်၊ ဒီဇင်ဘာ ၁၃

အာရပ်စော်ဘွားများနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ကျင်းပသော အာဆီယံနိုင်ငံများရှိ သမုဒ္ဒရာများ ရေရှည်တည်တံ့စေရေးဆိုင်ရာ အဆင့်မြင့်ဖိုရမ်သို့တက်ရောက်ရန် ရောက်ရှိနေသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးတင်ထွဋ်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  ဒီဇင်ဘာ (၉) ရက်တွင် ဒူဘိုင်းကုန်စည်ပြပွဲတွင် ပြသထားသည့် ပြခန်းများ နှင့် ပြည်ထောင်စုအာရပ်စော်ဘွားများ နိုင်ငံအစိုးရ  ရာသီဉတုပြောင်းလဲ ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာန မှ ကြီးမှူးကျင်းပသည့် အရှေ့အလယ်ပိုင်း ဒေသနှင့် အာဖရိကဒေသစားနပ်ရိက္ခာဖူလုံရေးအတွက်ရည်ရွယ်ကျင်းပသော စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AgraMe AquaMe ပြခန်းများကို သွားရောက်ကြည့်ရှုလေ့လာပြီး ပြခန်းတာဝန်ခံများ၊ နည်းပညာ ရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏လက်ရှိ စိုက်ပျိုးမွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ နည်းပညာရပ်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ AgraMe , AquaMe ပြခန်း သည် ဒေသတွင်းနိုင်ငံများ စားနပ်ရိက္ခာဖူလုံမှုကို သေချာစေရန် ရေရှည်တည်တံ့သော၊ ဆန်းသစ်သော စိုက်ပျိုး မွေးမြူရေး အလေ့အကျင့်များကို မြှင့်တင်ပေးသည့် ဦးဆောင်ပွဲတစ်ခု ဖြစ်ပြီး  Aqua Bio Technology  ပြခန်း တွင် ပြသထားသော ရေအရည်အသွေး ထိန်းသိမ်းရေးနှင့် စောင့်ကြည့် ထိန်းချုပ်ခြင်း စက်ကိရိယာ များကို လည်းကောင်း၊ MA/RA SAG (Italy) ပြခန်းတွင်ပြသထားသော အဆင့်မြင့် နည်းပညာသုံး စိုက်ပျိုးရေး ထွန်ယက်ပစ္စည်းများကိုလည်းကောင်း၊ APISA Bio Tech ပြခန်းတွင် အသစ်တီထွင် ပြသထားသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ထွက်ကုန်ပစ္စည်းများကို အခြောက်ခံသည့် လုပ်ငန်းသုံး နည်းပညာများကိုလည်းကောင်း၊ Agri Green ပြခန်း တွင်ပြသထားသည့်  တိရိစ္ဆာန်အစားအစာ ပင်များ အခြောက်ခံခြင်းနှင့် ချဉ်ဖတ်ပြုလုပ်ခြင်းများအတွက် အဆင်မြင့်နည်းပညာများ ကို လည်းကောင်း၊ Due Agri srl ပြခန်းမှပြသထားသည့် နွားမွေးမြူရန်အတွက် ရေးဆွဲထားသည့် အဆောက်အဦ (တဲ) ဒီဇိုင်းများ နှင့် ပြီးပြည့်စုံသော မွေးမြူရေးဆိုင်ရာ အဆောက်အဉီသုံး ပစ္စည်းများ ထုတ်လုပ်မှုကိုလည်းကောင်း၊ M Aqua Moaf ပြခန်းရှိ ရာသီဉတုနှင့် ကိုက်ညီသည့်အဆင့်မြင့် ကုန်းတွင်း ငါးမွေးမြူခြင်း ဆိုင်ရာနည်းပညာများကိုလည်းကောင်း၊ AKVA Group မှပြသထားသည့် ပင်လယ်နှင့် မြစ်ချောင်းဆည်များအတွင်း လှောင်အိမ်စနစ်ဖြင့် ငါးမွေးမြူ နိုင်မည့် နည်းစနစ်များကို လည်းကောင်း၊  ဆော်ဒီနိုင်ငံအစိုးရ အမျိုးသား ရေလုပ်ငန်းဖွံ့ဖြိုးရေး အစီအစဉ်ကို လေ့လာပြီး ငါးလုပ်ငန်းကဏ္ဍတွင် လူငယ်များ ပိုမိုပါဝင်လာစေရေးနှင့် စွန့်ဦးတီထွင်နိုင်သည့် လူငယ်များဖြစ်လာ ရန် စီမံဆောင်ရွက်နေမှု လုပ်ငန်းများကို လည်းကောင်း လေ့လာဆွေးနွေးခဲ့သည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဒူဘိုင်းနိုင်ငံရှိ ငါးများ၊ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ၊ ဟင်းခတ်အမွှေးအကြိုင်များ ရောင်းချသည့် Water Front လက်လီ၊ လက်ကားဈေး သို့ သွားရောက်၍ စားသုံးသူမျာအတွက်ဘေးအန္တရာယ်ကင်းရှင်းပြီး လတ်ဆက်၍ အရည်အသွေးပြည့်မှီသည့် စား‌သောက်ကုန်များရောင်းချသည့်နည်းစနစ်များ နှင့် ငါးဈေးတွင် ရောင်းချနေသော ငါးမျိုးစိတ်များအား လေ့လာပြီး၊ မြန်မာနိုင်ငံမှ ငါးများနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များ ပိုမိုတင်ပို့ရောင်းချနိုင်ရေး အတွက် သက်ဆိုင်ရာ စီးပွားရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဆွေးနွေးခဲ့သည်။

၂၀၂၀-၂၁ ခုနှစ်တွင်မြန်မာနိုင်ငံမှအရှေ့အလယ်ပိုင်းဒေသ GCC အဖွဲ့ဝင်(၆) နိုင်ငံသို့ စုစုပေါင်း အမေရိကန်ဒေါ်လာ (၇၆) သန်းကျော်တန်ဖိုးရှိ ရေချို ၊ ရေငန်ငါး၊ ပုစွန်နှင့်ရေထွက်ပစ္စည်း တန်ချိန် ငါးသောင်းကျော်တင်ပို့ရောင်းချခဲ့ပြီး  ဆော်ဒီနိုင်ငံနှင့် UAE နိုင်ငံများသို့ အမေရိကန်ဒေါ်လာ (၃၆) သန်း တန်ဖိုး စုစုပေါင်းတန်ချိန် (၃၆၀၀၀) ဖြင့် အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)