Pages

Pages

မလေးရှား ထိန်းသိမ်းရေးစခန်းမှ မြန်မာများကို အမြန်ဆုံးပြန်ပို့နိုင်ရေး မြန်မာသံရုံး ညှိနှိုင်းဆောင်ရွက်ပေးနေ






ရန်ကုန်၊ ဒီဇင်ဘာ ၁၄

မလေးရှားနိုင်ငံမှ ထိန်းသိမ်းရေးစခန်းများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။

 မြန်မာသံရုံး ကွာလာလမ်ပူမြို့ မှ သံအမတ် ဦးမြင့်ထွန်းနှင့် တာဝန်ရှိသူများသည် ကွာလာလမ်ပူမြို့ရှိ Bukit Jalil ထိန်းသိမ်းရေးစခန်းသို့သွားရောက်၍ ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသားများအား မလေးရှားအာဏာပိုင်များ၏ခွင့်ပြုချက်အရ တွေ့ဆုံစစ်ဆေးခြင်းနှင့် အားပေးစကားများပြောကြားခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါထိန်းသိမ်းရေးစခန်းရှိ အထောက်အထားပြည့်စုံသူ မြန်မာနိုင်ငံသားများကို အမိနိုင်ငံသို့ အမြန်ဆုံးပြန်ပို့နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment