မြစ်သားမြို့နယ်တွင် စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သားမြို့နယ်တွင် စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများဆက်လက်ထိုးနှံပေး

               


မြစ်သား၊ ဒီဇင်ဘာ   ၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်၅၅နှစ်နှင့်အထက်ပြည်သူများအား  စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို   မြစ်သားမြို့လုပ်အားကြေးမုံခန်းမနှင့် ကျေးလက်ကျန်းမာရေး ဌာနများ၌ ဆေးထိုးစုရပ်အဖြစ် သတ်မှတ်၍ နေ့စဉ် နံနက် (၉)နာရီမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဝေမာနွယ်နှင့် သူနာပြုဆရာမများက ကာကွယ်ဆေးထိုးနှံပေးကြပြီး မြစ်သားမြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊  မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများမှ ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ တစ်ဦးနှင့် တစ်ဦး(၆) ပေအကွာနေရာချထားပေးခြင်း၊ စနစ်တကျ စာရင်းပေးသွင်းခြင်း၊ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်နေခြင်းများကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ဒီဇင်ဘာ ၁ ရက် (ယနေ့)တွင် မြစ်သားမြို့နယ်မှ အသက်(၅၅)နှစ် နှင့်အထက်ပြည်သူ (၄၀၅)ဦးကို စတုတ္ထအသုတ် ပထမအကြိမ်  ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၆၃၅၀)ဦးရှိပြီး အခြားကျန်ရှိနေသူများ ကိုလည်း ကျန်းမာရေး ဝန်ကြီးန၏ သတ်မှတ်ဦးစားပေးအုပ်စုအလိုက် နေ့စဉ်ဆက်လက်ထိုးနှံပေး သွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။ 

သတင်း - မြမြမွန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)