Pages

Pages

ကျောက်ဆည်မြို့နယ်တွင် အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး


ကျောက်ဆည်၊ ဒီဇင်ဘာ   ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအသုတ (ဒုတိယ) အကြိမ်နှင့် တတိယအသုတ် (ပထမ) အကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နက်(၉)နာရီက မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဦးဆောင်မှုဖြင့် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် ကျောင်းသား၊ ကျောင်သူများ အဆင်ပြေစေရေး မြို့နယ် အတွင်းတွင် ဆေးထိုးစုရပ်(၇)နေရာခွဲပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ပညာရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အသင်းဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ပထမ အကြိမ်အဖြစ် ကျောင်းသား၊ ကျောင်သူပေါင်း (၃၁၄၅) ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

ဒုတိယအသုတ်(ပထမ)အကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကာကွယ်ဆေးထိုးနှံပေးခြင်းစုရပ်များ ဖြစ်သည့် အထက-၁ (ကျောက်ဆည်)တွင် (၁၈၉၁)ဦး၊  အထက(ညောင်ရွေ)တွင် (၃၇၉)ဦး၊ အထက(ဟံမြင့်မိုရ်) တွင်(၇၇၆)ဦး၊ အထက(သံရွာ)တွင်(၄၃၈)ဦး၊ အထက(ကုန်းကြီး)တွင်(၁၀၁)ဦး၊ အထက-ခွဲ(ရဲရွာ)တွင်(၄၀၁)ဦး နှင့် မူလွန်(ဖျောက်ဆိပ်ပင်) ကျောင်းတွင်(၂၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၀၀၆)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးပြီး ကြောင်းနှင့် ယခုအခါ ဒုတိယအသုတ် (ဒုတိယ) အကြိမ်နှင့် တတိယအသုတ် (ပထမ) အကြိမ်အဖြစ် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

သတင်း - သက်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment