Pages

Pages

အထက်တန်းရှေ့နေလိုင်စင်များ နှစ်လအတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း ကြေညာ


နေပြည်တော်၊ ဒီဇင်ဘာ ၁၇

အထက်တန်းရှေ့နေလိုင်စင်များအား ဒီဇင်ဘာ ၁၅ရက်မှစ၍ နှစ်လအတွင်း လာရောက်ထုတ်ယူနိုင်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးက ကြေညာသည်။

၂၀၂၁ ခုနှစ်၊ မေလ အတွင်း ရှေ့နေအလုပ်သင်ကင်းလွတ်ခွင့်ဖြင့် အထက်တန်းရှေ့နေ (မင်နီမှတ်ချက်ပြု) လျှောက်ထားသူ တရားရေးဝန်ထမ်း (၁) ဦး၊ ဥပဒေအရာရှိ (၁၁) ဦး၊ ရှေ့နေ အလုပ်သင်ကင်းလွတ်ခွင့်ဖြင့် အထက်တန်းရှေ့နေလျှောက်ထားသူ မြို့နယ်တရားသူကြီးရာထူးမှ သက်ပြည့်အငြိမ်းစားယူခဲ့သူ (၁) ဦး၊ စုစုပေါင်း (၁၃) ဦးနှင့် အထက်တန်းရှေ့နေအဖြစ် စာရင်း တင်သွင်းခွင့်ပြုပါရန် လျှောက်ထားသူများအနက် လျှောက်လွှာပြည့်စုံသည့် ပုဂ္ဂိုလ် (၁၂၈) ဦး၊ စုစုပေါင်း (၁၄၁) ဦး တို့သည် ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ ရှေ့နေရှေ့ရပ်နှင့် စစ်ဆေးရေးဌာနခွဲ၏ အမှုလက်ခံဌာန (Intake Counter) တွင် ကြေညာသည့်နေ့မှစ၍ (၂) လ အတွင်း အထက်တန်း ရှေ့နေလိုင်စင် လာရောက်ထုတ်ယူနိုင်ကြောင်း ကြေညာထားသည်။


သတင်း - သီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment