Pages

Pages

နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားတတိယအသုတ် ဒုတိယအကြိမ် ကိုဗစ် -၁၉ရောဂါကာကွယ်ဆေးထိုးနှံ


နွားထိုးကြီး၊ ဒီဇင်ဘာ   ၁၄

 မြင်းခြံခရိုင်၊နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက်ပြည်သူများအားဒုတိယ  အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။ 

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူသမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး အသက် (၁၈)နှစ်အထက်ပြည်သူများကို ဆေးတစ်လုံးလျှင် လူ ငါးဦး 5Dose ထိုးနှံလျက်ရှိပြီး အသက်(၁၈)နှစ်အထက်၊ (၇၅၀)ဦးအားထိုးနှံပေးပြီးစုစုပေါင်း (၄၂၁၀၉)ဦး အားအဆိုပါဆေးထိုးခြင်း လုပ်ငန်းများကို မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီအဖွဲ့ဝင် နှင့်ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။                 

ဆက်လက်၍ ကျန်ရှိနေသေးသည့် ရပ်ကွက်၊ ကျေးရွာများရှိပြည်သူများကိုလည်း သတ်မှတ်ဦးစား ပေး အုပ်စုအလိုက် ဆက်လက်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - သန်းအောင်ဇော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment