ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် နို့ထိုခေး- ကွီးပညာ ရွာချင်းဆက်လမ်းအား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း(၆၅)ရာခိုင်နှုန်းခန့် ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် နို့ထိုခေး- ကွီးပညာ ရွာချင်းဆက်လမ်းအား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်း(၆၅)ရာခိုင်နှုန်းခန့် ပြီးစီး





ပိုင်ကျုံ၊ ဒီဇင်ဘာ    ၁၄

ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိရာ   နို့ထိုခေး- ကွီးပညာ ရွာချင်းဆက်လမ်းအား ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းကို နိုဝင်ဘာလ ၁၀ရက်နေ့တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့တွင်(၆၅)ရာခိုင်နှုန်းခန့် ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းသည်  ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၁)ရပ်ကွက် ဆက်သွယ်ထားသည့် လမ်း ဖြစ်ပြီး အရှည် ၁မိုင်၊ ၄ဖာလုံရှိ မြေသားလမ်းအား ကတ္တရာလမ်းခင်းခြင်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပထမ၆လပတ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြု ရန်ပုံငွေကျပ် (၃၈၆.၉၈၆)သန်းဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်‌ရှိကြောင်း၊ ယင်း လမ်းခင်းခြင်းကို ဇွဲကပင်မေမေကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ပြီး လုပ်ငန်းများ အချိန်မီပြီးနိုင် ရေးအတွက် ကရင်ပြည်နယ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ တာဝန်ရှိသူတို့က အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

ကတ္တရာလမ်း‌‌ခင်းခြင်းလုပ်ငန်းများ ပြီးစီးပါက ပိုင်ကျုံမြို့အတွင်းရှိ ဒေသခံပြည်သူများ အနေ ဖြင့် ဥတုသုံးပါးလုံး လမ်းပန်းဆက်သွယ်‌ရေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် မြို့သာယာလှပ၍ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ပိုမိုလွယ်ကူ အဆင်‌ပြေလာမည်ဖြစ်ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)