Pages

Pages

ကြည့်မြင်တိုင်မြို့နယ်အတွင်း လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ပြည်သူ ၃ ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိ




နေပြည်တော်၊ ဒီဇင်ဘာ - ၅

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျီးတန်းတောင်အရှေ့ရပ်ကွက်၊ ပန်းပင်ကြီးလမ်းနှင့် အထက်ကြည့်မြင်တိုင်လမ်းထောင့်၌ ယနေ့နံနက်ပိုင်းတွင်  လက်လုပ်မိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

အဆိုပါ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အပြစ်မဲ့ပြည်သူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး မိုင်းစထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ YBS-89 ယာဉ်လိုင်းမှ မော်တော်ယာဉ် ၄ စီး မိုင်းစထိမှန်၍ ဘေးပြတင်းမှန်အချို့ ပျက်စီးခဲ့သည်။

မိုင်းစထိမှန်ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူ စေလျက်ရှိကြောင်းနှင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခဲ့သူများ ဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment