စဉ့်ကိုင်၊ ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် တစ်နှစ်ခွဲအောက်ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက မြို့နယ် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကျန်းမာရေးကြီးကြပ်(၁) ဦးရဲမင်းက ကြီးကြပ် ၍မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက်တစ်နှစ်ခွဲအောက်ကလေးငယ်များကို ဘီစီဂျီ၊ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ဝက်သက် ဂျိုက်သိုး ကာကွယ်ဆေးများကို အသက်အရွယ်အပိုင်းအခြားအလိုက် ထိုးနှံပေးရာတွင် ပုံမှန် ကာကွယ်ဆေး လာရောက်ထိုးနှံသောအသက်တစ်နှစ်ခွဲ အောက်ကလေးငယ်(၅၅)ဦး လာရောက် ထိုးနှံခဲ့ကြောင်းသိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့် ကလေးများအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များနှင့်အညီ အဝင် တွင် လက်ကိုစနစ်တကျဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် နှာခေါင်းစည်း(MASK)များ တပ်ဆင်စေပြီးပုံမှန်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သတင်း - ညိုညိုဝင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment