Pages

Pages

သထုံမြို့နယ်တွင် အသက်(၁၈)နှစ်အထက် လူဦးရေ၏ ၅၄ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးပြီး ကျန်ရှိသူများအား ဆက်လက်ထိုးနှံပေး








သထုံ၊ ဒီဇင်ဘာ  ၂၆

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် လူဦးရေ၏ ၅၄ ရာခိုင်နှုန်းအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးဖြစ်ကာ စတုတ္ထသုတ် (ဒုတိယအကြိမ်)နှင့် ပဉ္စမသုတ် (ပထမအကြိမ်) ဆက်လက်ထိုးနှံပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက သထုံမြို့နယ် အတွင်းရှိ ကာကွယ်ဆေးထိုးစုရပ်များ၌ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်အတွင်း ခရိုင်ပြည်သူ့ဆေးရုံကြီးစုရပ်၊ သိမ်ဆိပ်တိုက်နယ်ဆေးရုံစုပ်၊ မြို့နယ်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမစုရပ်၊ သုဝဏ္ဏဝတီမြို့၊ အထက(ကျိုက္ကော်) ရွှေရတုခန်းမ စုရပ်နှင့် ဇရစ်ချောင်ကျေးရွာ အလံတရာစုရပ် စုစုပေါင်း ဆေးထိုးစုရပ်(၅)ခုတို့တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများ၊ စေတနာ့ ဝန်ထမ်း(Volunteer) များနှင့် တာဝန်ရှိသူတို့က သတ်မှတ်အစီအစဉ်များအတိုင်း စနစ်တကျ ထိုးနှံပေးခဲ့ကြပြီး ကာကွယ်ဆေး ထိုး ကြီးကြပ်အဖွဲ့ဝင်များက လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

သထုံမြို့နယ်တွင် အသက် ၁၈ နှစ်ပြည့်ပြီးသူပေါင်း ၁၄၅၃၈၄ ဦးရှိပြီး ယမန်နေ့အထိ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူပေါင်း ၇၉၁၁၁ ဦးရှိပြီဖြစ်ရာ လူဦးရေ၏ ၅၄ ရာခိုင်နှုန်းရှိကြောင်း ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးစီးသူ စုစုပေါင်းမှာ ၈၉၈၄၅ ဦး ရှိကြောင်း  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment