Pages

Pages

ဝက်လက်မြို့၌ ကုလားပဲ စိုက်ခင်းများတွင် ဥကပ်ပါးနဂျီ လွှတ်ခြင်းနှင့် သဘာဝပိုးနှင့် မှိုရောဂါ ကာကွယ်ဆေး ပေးအပ်


ဝက်လက်၊ ဒီဇင်ဘာ   ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ရုံးသာကျေးရွာတွင် ယနေ့ နံနက်ပိုင်းက ကွင်းအမှတ် ၃၄၇၅ ရှိ တောင်သူ ဦးမြင့်ဇော် နှင့် ဦးဇော်မျိုးနိုင် တို့၏ ကုလားပဲ စိုက်ခင်း ၅ ဧက တွင် ပိုးမွှားကာကွယ်နိုင်ရေး အတွက် ဥကပ်ပါးနဂျီ လွှတ်ခြင်းကို ဆောင်ရွက် ကြကြောင်း သိရသည်။

ယင်းနောက် ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝပိုးသတ်ဆေးနှင့်မှိုရောဂါ ကာကွယ် ဆေးတို့ကို တောင်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်း - စိုးစိုးလှိုင် 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment