Pages

Pages

အိန္ဒိယနိုင်ငံ၊ ဒေလီမြို့၌ ဒုတိယမြောက် အိုမီခရွန် အတည်ပြုလူနာတွေ့ရှိ၊ အိန္ဒိယနိုင်ငံ၌ အိုမီခရွန် အတည်ပြုလူနာပေါင်း ၃၃ ဦးရှိ


 

နယူးဒေလီ၊ ဒီဇင်ဘာ ၁၁ 

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီတွင် COVID-19 ဗီဇပြောင်း အိုမီခရွန် (Omicron) ဗိုင်းရပ်စ် ကူးစက်ခံရသည့် ဒုတိယမြောက်အတည်ပြုလူနာအား ဒီဇင်ဘာ ၁၁ ရက်တွင် တွေ့ရှိခဲ့ပြီး ၎င်းမှာ ဇင်ဘာဘွေမှလာခဲ့ခြင်းဖြစ်ကြောင်း ဒေလီကျန်းမာရေးဌာနက အတည်ပြုခဲ့သည်။

လူနာ၏ ခရီးသွားမှတ်တမ်းအရ ၎င်းသည် တောင်အာဖရိကသို့ မကြာသေးမီက ခရီးထွက်ခဲ့ဖူးကြောင်း သိရသည်။

အဆိုပါ လူနာအား ဗီဇပြောင်း အိုမီခရွန်ဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာများအတွက် သီးခြားကုသဆောင် ဖွင့်လှစ်ထားသည့် ဒေလီမြို့ အခြေစိုက် Lok Nayak Jai Prakash Narayan ဆေးရုံ (LNJP) သို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။ 

LNJP ဆေးရုံတွင် ကုသမှုခံယူနေသော နိုင်ငံခြားခရီးသွား ၂၇ ဦး၏ ရောဂါပိုးဗီဇအစီအစဉ်စစ်ဆေးခြင်းအား ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ယင်းအနက် နမူနာ ၂၅ ခုတွင် ရောဂါပိုးမတွေ့ရှိကြောင်း၊ လူနှစ်ဦး၏ နမူနာများတွင် ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်စ်ပိုး ကို တွေ့ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

   ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် ဗီဇပြောင်း အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၃၃ ဦးအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။


Ref - (ဆင်ဟွာ)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment