Pages

Pages

အကြမ်းဖက်ခေါင်းဆောင် ဝရမ်းပြေး ဝင်းမြတ်အေးက အရေးတော်ပုံ မကြာမီ အောင်တော့မည်ဟုဆို



ရန်ကုန်၊ ဒီဇင်ဘာ ၁၀

ယနေ့ NLD, CRPH, NUG, PDF အကြမ်းဖက်သမားများက အသံတိတ်သပိတ်ဆင်နွှဲခဲ့ကြသည့်အပေါ် NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဝရမ်းပြေး ဝင်းမြတ်အေးက ရုပ်သံထုတ်လွှင့်၍ အရေးတော်ပုံ မကြာမီအောင်တော့မည်ဟု ထုတ်လွှင့်ပြောဆိုထားသည်။

ဝင်းမြတ်အေးသည် NLD အစိုးရအဖွဲ့တွင် လူ/ကယ်/ပြန် ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာများ ဆုံးရှုံးအောင် အလွဲသုံးစားလုပ်၍ ကိုယ်ကျိုးရှာ အမြတ်ထုတ်မှုများကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ တရားစွဲဆိုခံထားရသည့် ဝရမ်းပြေးတစ်ဦး ဖြစ်သည်။

ရန်ကုန်မြို့ပေါ်တွင် အကြမ်းဖက်အဖွဲ့ကို ဦးဆောင်၍ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သော အကြမ်းဖက်သမား မောင်ကျော်(ခ) ဖြိုးဇေယျာသော်ကို ဖမ်းဆီးရမိရာမှ ဝင်းမြတ်အေးက ဘန်ကောက်မှ ဘတ်ငွေ ၈သိန်း လွှဲပို့ပေးမည်ဖြစ်ကြောင်း အကြမ်းဖက်သမားအချင်းချင်း အပြန်အလှန် ဆက်သွယ်ထားသည့် မက်ဆေ့များကို စိစစ်တွေ့ရှိခဲ့ရသည်။

ဝင်းမြတ်အေးက အရေးတော်ပုံအောင်တော့မည်ဟု ပြောဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသူတစ်ဦးက "သူတို့ရဲ့ အရေးတော်ပုံက အမြဲတမ်းအောင်နေတာပဲ။ အဲဒီလိုနဲ့ လူငယ်တွေကို ဂျင်းထည့်ပြီး သေတွင်းထဲ တွန်းချနေကြတာပါ။ သူတို့ကိုယ်တိုင်က တိုင်းတပါးထွက်ပြေးပြီး ပြည်သူမှာ ရှိတဲ့သူ ဘယ်သူသေသေ ထည့်မတွက်ဘူးဆိုတဲ့ သဘောမျိုးနဲ့ လှုံ့ဆော်နေကြတာပါ။ အရှင်းဆုံး ပြောလိုက်မယ်ဗျာ။ တိုင်းရင်းသား ပြည်သူအကျိုးကို ရှေးရှုတဲ့ ဘယ်နိုင်ငံရေးသမားကမှ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ဖို့ မတိုက်တွန်းဘူး။ အဲဒီတော့ တိုင်းရင်းသား ပြည်သူအချင်းချင်း ရန်လိုအမုန်းပွားအောင် လုပ်ကြံသတ်ဖြတ်ဖို့၊ သံဃာတော်တွေကို လုပ်ကြံသတ်ဖြတ်ခိုင်းနေတဲ့ NLD, ၈၈ပွင့်လင်းက နိုင်ငံရေးသမားတွေရဲ့ လှုံ့ဆော်မှုတွေဟာ တိုင်းရင်းသားပြည်သူတွေရဲ့ ကောင်းကျိုးအတွက်လား၊ ဆိုးကျိုးဖြစ်စေသလား လက်တွေ့ ခံစားနေရတဲ့ အခြေအနေကို ပြည်သူတွေ အသိဆုံးပါပဲ။ ဒါတွေအားလုံးဟာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘူး။ တိုင်းတပါးလက်ပါးစေ NLD, ၈၈ ပွင့်လင်းက နိုင်ငံရေးလုပ်စားသူတွေရဲ့ လက်ချက်တွေပဲ။" ဟု ပြောသည်။

နစက အစိုးရအနေဖြင့် NLD, CRPH, NUG, PDF အကြမ်းဖက်လှုံ့ဆော်သူများကို ဝရမ်းထုတ်ဆင့်ထားသော်လည်း အများစုမှာ ပြည်ပနိုင်ငံများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နိုင်ရန် လက်နက်၊ ငွေကြေး ထောက်ပံ့ပေးခြင်းများ လုပ်ဆောင်နေကြခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment