ကျောက်ဆည်မြို့နယ်တွင် ပဉ္စမအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် ပဉ္စမအသုတ်(ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး




ကျောက်ဆည်၊ ဒီဇင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိ နေသည့် ပြည်သူများအား ပဉ္စမအသုတ်(ပထမ)အကြိမ်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဆေးထိုးစုရပ်ဖြစ်သော မြို့တော်ခန်းမတွင် ယနေ့နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်

ကျောက်ဆည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် ပဉ္စမအသုတ်(ပထမအကြိမ်) အဖြစ် သံဃာတော်နှင့်သီလရှင်(၈)ပါး၊ နိုင်ငံဝန်ထမ်း (၃၉)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေး လုပ်ကိုင်သူ(၆)ဦး၊ ဟိုတယ်/တည်းခိုခန်းလုပ်ကိုင်သူ(၁)ဦး၊ အခြားဝင်ငွေရပြည်သူ(၁၈၂၈)ဦး၊ မှီခိုပြည်သူ(၂၁၂)ဦး၊  စုစုပေါင်း(၂၀၉၄)ဦး ထိုးနှံ ပေးပြီးကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင်  စတုတ္ထအသုတ် (ဒုတိယ)အကြိမ်အဖြစ် (၁၈၁၀)ဦး၊ တတိယအသုတ် (ဒုတိယအကြိမ်) အဖြစ် (၁၃၅၈၉)ဦးအား ကာကွယ်ဆေးများထိုးနှံပေးပြီးဖြစ်ကြောင်း  မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

သတင်း - သက်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)