ကျိုက်ဒုံမြို့၌ ပဥ္စမအသုတ်၊ ပထမအကြိမ် အသက်၁၈နှစ်နှင့်အထက်ပြည့်ပြီး၊ ပြည်သူ (၂၀၀) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ဒုံမြို့၌ ပဥ္စမအသုတ်၊ ပထမအကြိမ် အသက်၁၈နှစ်နှင့်အထက်ပြည့်ပြီး၊ ပြည်သူ (၂၀၀) ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေး ဆက်လက်ထိုးနှံပေး


ကျိုက်ဒုံ၊ ဒီဇင်ဘာ   ၆ 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ကျိုက်ဒုံမြို့ဟောင်သရောခန်းမ၌ ယနေ့နံနက် ၉ နာရီက မြို့အုပ် ချုပ်ရေးမှူးဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာ မန်းမင်းနိုင်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျိုက်ဒုံ မြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက်၁၈နှစ်နှင့်အထက် ပြည့်ပြီး ပြည်သူ(၄၀)ဦး၊ ယမန့်နေ့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံသည့် ပြည်သူ(၁၆၀)ဦး၊ စုစုပေါင်းပြည်သူ (၂၀၀) ဦးအား ပဉ္စမအသုတ်၊ ပထမအကြီမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးရန်လာရောက်သည့် ပြည်သူများကို မြို့အုပ်ချုပ်ရေးမှူးရုံးမှ စာရေး ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ရှိသူများမှ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ စာရင်းရေးသွင်းခြင်း၊ လိုအပ်သည်များကို ကူညီပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျိုက်ဒုံဒေသနေပြည်သူများအား ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင့် သိရသည်။

သတင်း - သန်းထွန်းနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)