မိုင်းဖြတ်မြို့နယ် ပြည်သူ(၅၂၁)ဦးကိုကိုဗစ်-၁၉ရောဂါ ရှိ/မရှိ (အခမဲ့)စစ်ဆေးပေးရာ ရောဂါပိုးမတွေ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းဖြတ်မြို့နယ် ပြည်သူ(၅၂၁)ဦးကိုကိုဗစ်-၁၉ရောဂါ ရှိ/မရှိ (အခမဲ့)စစ်ဆေးပေးရာ ရောဂါပိုးမတွေ့


မိုင်းဖြတ်၊ ဒီဇင်ဘာ  ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ ပပျောက်စေရေးအတွက် အထူးစီမံချက်ဖြင့်  ရောဂါစစ်ဆေးမှုများကို နေ့စဉ်ကွင်းစစ်ဆေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက  ပြည်ထောင်စုလမ်းမကြီးပေါ်၌ သက်ဆိုင်ရာပူးပေါင်းအဖွဲ့က   ဖြတ်သန်းသွား လာနေ ကြသည့် မိဘပြည်သူများကို  ရောဂါစစ်ဆေးမှုများ (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးညီညီအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန် ရှိဌာနဆိုင်ရာများ  မြို့နယ်ပြည်သူ့ဆေးရုံရှိ Covid-19 FeverClinicမှ  ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့က ပြည်ထောင်စုလမ်းမကြီးပေါ် ဖြတ်သန်းသွားလာနေသူများ စုစုပေါင်း (၅၁၆)ဦးကို ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ RTD Test kitဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ မတွေ့ ကြောင်းသိရသည်။

အလားတူ မြို့နယ်ပြည်သူ့ဆေးရုံရှိ Covid-19 Fever Clinic၌  လာရောက်စစ်ဆေးသူ (၅)ဦးကို  စစ်ဆေးပေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ စစ်ဆေးမတွေ့ရှိကြောင်း သိရသည်။ မိုင်းဖြတ်မြို့နယ်တွင်  ဇူလိုင်လ ၁ရက်နေ့မှ ဒီဇင်ဘာလ ၁ရက်နေ့အတထိ  ရောဂါပိုးတွေ့ရှိသူ (၁၀၁၂)ဦး အတည်ပြုစစ်ဆေးတွေ့ရှိခဲ့ပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ (၉၈၇)ဦး၊ ဆေးကုသမှုခံယူနေသူ (၁၅)ဦးနှင့် သေဆုံးသူ (၁၀)ဦးအထိရှိကြောင်း သိရသည်။ 

သတင်း - သန်းထွန်းအေး                                                              

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)