Pages

Pages

ပြည်ထောင်စုဝန်ကြီးဦးရွှေလေး အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းရှိ တံတားတည် ဆောက်ရေးလုပ်ငန်း ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ ဒီဇင်ဘာ   ၂၅

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ လုပ်ငန်း အပ်နှံသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းတွင် လိုအပ်လျက်ရှိသော အလယ်ပေါင်းလောင်း တံတားတည်ဆောက်ရေးလုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန၊ အလယ်ပေါင်း လောင်းရေအားလျှပ်စစ် စီမံကိန်းသို့ရောက်ရှိပြီး View Point မှ အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်း ရေလွှဲစနစ်၊ ပင်မတမံနှင့် ဆက်နွယ်ရေအားလျှပ်စစ် အဆောက်အအုံများ တည်ဆောက်နေမှု တို့ကို ကြည့်ရှုလေ့လာသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို စီမံကိန်းရှင်းလင်းဆောင်တွင် ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေးဦးစီးဌာန၊ အလယ်ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်း အမှတ်(၁) တည်ဆောက် ရေးတာဝန်ခံနှင့်  ညွှန်ကြားရေးမှူးချုပ်တို့က ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီး က သိရှိလိုသည်များ မေးမြန်းပြီး လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိ နှိုင်းပေးသည်။

ဆက်လက်၍ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၁)မှ ညွှန်ကြားရေးမှူးနှင့် အင်ဂျင်နီယာချုပ်တို့ က အလယ်ပေါင်းလောင်းတံတားတည်နေရာ၊ တံတားဆိုင်ရာ အချက် အလက်များ၊ ဘဏ္ဍာရေးနှစ် အလိုက်ရန်ပုံငွေရရှိမှု၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး၊ အရည်အသွေး ပြည့်မီရေးနှင့် လုပ်ငန်းအခက်အခဲများရှိပါက ပူးပေါင်းညှိနှိုင်းဆောင်ရွက် ရန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တံတားတည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားကမ်းကပ်ခုံ A2 အုတ်မြစ်ပိုင်လုပ်ငန်း ဆောင်ရွက်နေမှု၊ ရေလည်တိုင် (P3) လုပ်ငန်းဆောင်ရွက်နေမှုနှင့် P1 နှင့် P2 လုပ်ငန်းဆောင်ရွက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများ၊ ရေအား လျှပ်စစ်စီမံကိန်းဆောင်ရွက်နေသော ဝန်ထမ်းများနှင့် လုံခြုံရေးဆောင် ရွက်နေသော ဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ရန်အတွက် အသုံးပြုမည့် MASK များ၊ သစ်သီးခြင်းများနှင့် စားသောက်ဖွယ်ရာ များ ပေးအပ်ခဲ့သည်။

အလယ်ပေါင်းလောင်းတံတားသည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင် အထည်ဖော်ရေးဉီးစီးဌာနမှ လုပ်ငန်းအပ်နှံပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတား ဦးစီးဌာန ၊ တည်ဆောက်ရေးအဖွဲ့(၁)မှတာဝန်ယူတည်ဆောက်ပြီး တံတားအရှည် ပေ (၄၀၀) ၊ ယာဉ်သွားလမ်း အကျယ် (၂၇)ပေ (၆)လက်မရှိပြီး တံတားအမျိုးအစားမှာ 1.8 m Ø နှင့် 2.2 m Ø Caisson Foundation ၊ ကိုယ်ထည်မှာ R.C Concrete အပေါ်ထည် Plate Girder နှင့် R.C Girder တို့ဖြင့်တည်ဆောက်ထားပြီး တံတား၏ခံနိုင်ဝန်မှာ HS -25 ဖြစ်သည်။ ယခုအခါ တံတားတစ်စင်းလုံး (၆၅ ရာခိုင်နှုန်း)ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသို့ လွှဲပြောင်း ပေးမည့် လျှပ်စစ်လမ်းခွဲ-လှေခွင်းတောင်-ခေါမ လမ်းဆုံအထိ (၄)မိုင် (၄)ဖာလုံ လမ်းပိုင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များကို မှာကြားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment