Pages

Pages

မိုင်းငေါ့မြို့တွင် အသက် (၁၈)နှစ် အထက်ပြည်သူ (၁၇၀)ဦး အား ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

 


မိုင်းငေါ့၊ ဒီဇင်ဘာ   ၁၄

 ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီအချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက် (၁၈)နှစ် အထက်ပြည် သူများအား ပထမအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေး ဝန်ထမ်း မျာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမ အကြိမ်    ကာကွယ်ဆေး လာရောက် ထိုးနှံသူ ကျား (၇၆)ဦး၊ မ (၉၄)ဦး စုစုပေါင်း (၁၇၀)ဦး တို့အား မိုင်းငေါ့ တိုက်နယ် ကျန်းမာရေးဌာမှ ကျန်းမာ ရေး ဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့က ဈေးရပ်ကွက် ဘုန်းကြီးကျောင်း အတုလ‌ဇေယျ ဆောင် ဓမ္မာရုံတွင် ထိုးနှံပေးခဲ့ပါသည်။  

ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊စသည့် ကျန်းမာရေး စစ်ဆေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေး ခြင်းဖြစ်ကြောင်း၊ ကာကွယ် ဆေးထိုး ပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏  ပြောကြားချက်အရ သိရပါသည်။

သတင်း - မြင့်သွယ်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment