Pages

Pages

ဒေးဒရဲမြို့၌ အသက်(၁)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေး


ဒေးဒရဲ၊ ဒီဇင်ဘာ   ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် အသက်(၁)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉နာရီက စတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ အသက်(၁)နှစ်အောက် ကလေးများအား အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ရောဂါ ကာကွယ်ဆေး ပြင်းထန် ဝမ်းလျောဝမ်းပျက် ရောဂါကာကွယ်ဆေး၊ ဝက်သက်ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးနှံပေးခြင်း နှင့် ပိုလီယိုရောဂါ ကာကွယ်ဆေး တိုက်ကျွေးခြင်းများကို  မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှဝန်ထမ်းများက စနစ်တကျ မှတ်တမ်းရေးသွင်း၍  ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

 သတင်း - အေဇာလင်း(ပြန်/ဆက်)

‌https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment