ကော့ကရိတ်မြို့၌ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးများ ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့ကရိတ်မြို့၌ ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးများ ထိုးနှံပေး




ကော့ကရိတ်၊ ဒီဇင်ဘာ  ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း ကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံထားခြင်းမရှိသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉နာရီအချိန်က ဇိနသုခ ဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေး ခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပါဝင်မှု ပမာဏတိုင်းတာပေးခြင်း၊ ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် ပြည်သူများအား စိစစ်၍ မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ဆေး ထိုးနှံပေးပြီးနောက်ဆေး၏ ဘေးထွက်ဆိုးကျိုးလက္ခဏာ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ချက်ချင်း အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန် မိနစ် ၃၀ခန့် စောင့်ကြပ်ကြည့်ရှုပေး ခြင်းကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ခရိုင် ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်ထွန်းဇော်ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံရန် သတ်မှတ်ရက်များအတွင်း လာရောက်ထိုးနှံခြင်းမရှိသည့် ပြည်သူများကိုလည်း ပြန်လည် ထိုးနှံပေးလျက်ရှိသည်။ ထိုသို့ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်း အသက် (၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံပြီးသူ (၅၀) ရာခိုင်နှုန်းခန့်ရှိပြီး၊ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ပြည်သူများအနေဖြင့် ကာကွယ်ဆေးများ လာရောက်ထိုးနှံကြရန် ခရိုင်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်ထွန်းဇော်က တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

သတင်း- စောအောင်မျိုးလွင် (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)