တိုကျို၊ ဒီဇင်ဘာ ၁၀
ဂျပန်အာဏာပိုင်များက COVID-19 အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ထပ်မံကူးစက်ခံရသူ ၈ ဦးကို အတည်ပြုခဲ့ပြီး နိုင်ငံအတွင်း ဗီဇပြောင်းဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၁၂ ဦးအထိ ရှိလာခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဒီဇင်ဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ ရှစ်ဦးစလုံးသည် နိုဝင်ဘာလနှောင်းပိုင်းမှ ဒီဇင်ဘာလ အစောပိုင်း အထိ ပြည်ပမှ ဂျပန်နိုင်ငံသို့ ဝင်ရောက်လာခဲ့သူများဖြစ်ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးကပြောသည်။
ဂျပန်နိုင်ငံသည် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ပထမဆုံးတွေ့ရှိမှုကို နိုဝင်ဘာ ၃၀ ရက်တွင် ကြေညာခဲ့သည်။
အခြားနိုင်ငံအများအပြားတွင် အတည်ပြုထားသော အိုမီခရွန် ဗီဇပြောင်းဗိုင်းရပ်စ်သစ်သည် ယခင်ဗိုင်းရပ်စ်ဗီဇပြောင်း မျိုးကွဲများထက် ပိုမိုကူးစက်နိုင်ကာ လက်ရှိကာကွယ်ဆေးများဖြင့် ကိုယ်ခံအားမြှင့်တင်နိုင်မည်ဖြစ်ပြီး ကူးစက်မှုမှ ရှောင်ရှားနိုင်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သတိပေးထားသည်။
ပုံစာ- ဂျပန်နိုင်ငံ၊ တိုကျိုမြို့ ရှိ လမ်းတစ်ခု တွင် နှာခေါင်းစည်းတပ်ဆင်ထားသူများ သွားလာနေကြစဉ်
Ref - (ဆင်ဟွာ)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment