ပြည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများထံ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများထံ လက်ဝယ်အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်


ပြည်၊ ဒီဇင်ဘာ  ၂

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်မြို့နယ်ဦးစီးမှူးရုံး၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက  ပြည်မြို့နယ် အင်းဝင်းကျေးရွာအုပ်စု ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပြီးစီးသော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

အဆိုပါ ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦး၊ မြို့နယ်လဝက ဦးစီးမှူး ဦးဇော်နိုင်သန်းနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြား ၅၁ ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း ၂၉ ခုတို့ကို အဆိုပါ ကျေးရွာနေပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။

ပြည်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၁၄)ခုနှင့် ကျေးရွာအုပ်စု(၅၅) အုပ်စု၊ စုစုပေါင်း (၆၉)အုပ်စုရှိ လူဦးရေ (၅၆၀၅)ဦးအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များကို လျာထား/ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းဆောင်ရွက်ခြင်းကို ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်ဆောင်ရွက်ရန် ကျေးရွာအုပ်စု (၅)အုပ်စုသာကျန်ရှိတော့ ကြောင်းနှင့် မြို့နယ်ရုံး၌လည်း ရုံးဖွင့်ရက်များတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်လဝကရုံးမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)